Wednesday, November 12, 2014

မာန

ခါးသက်သက် အဖြစ်အပျက်တချို့က မာနကို ခပ်ကြမ်းကြမ်း ပုတ်နှိုးတယ်

Tuesday, October 21, 2014

ခင်

ခင်

ခင့် ကို ချစ်တယ်။

ဘာမှမစဉ်းစားပဲ ခင့်ကိုချစ်တဲ့အကြောင်းပဲ ထိုင်စဉ်းစားနေမယ်လေ။

မကောင်းဘူးလား။

http://yanlinaung.wordpress.com/

http://yanlinaung.wordpress.com/

Sunday, December 22, 2013

နှစ်ကူးဆုတောင်း

ဘာလိုလိုနဲ့ ၂၀၁၄ ကိုတောင်ရောက်တော့မယ်...။

Post tile ကို ဆုတောင်းဆိုတဲ့ စကားလုံးကို ထည့်ချင်စိတ် တားလို့မရဘူး...

ဆုတောင်းတယ်ဆိုတာ ကိုယ်နဲ့က မဆိုင်ဘူးလို့ သတ်မှတ်ထားတာ...

ဒါပေမယ့် လိုချင်တာ ဖြစ်ချင်တာတွေ...

တစ်ချို့သော မမြင်နိုင်သောအရာတွေက...

ဆုတောင်း ဆိုတဲ့စကားလုံးကို သုံးဖြစ်စေတယ်...။

၂၀၁၃ ကတော့ ကိုယ့်ဘဝကို အပြောင်းအလဲကြီးတွေ ယူဆောင်လာတဲ့ နှစ် တစ်နှစ်ဆိုတဲ့ ဂုဏ်ပုဒ်ကို သံသယမရှိ ယူသွားခဲ့ပြီ...။

stress တွေ အများဆုံးပေးခဲ့တဲ့ နှစ်...

အတွေ့အကြုံတွေ အများဆုံး ပေးခဲ့တဲ့ နှစ်...

အဲ့ဒါတွေနဲ့အတူ...

တစ်ချို့အရာတွေကို လုပ်နိုင်ခဲ့တဲ့နှစ်...

တစ်ချို့အရာတွေကို မလုပ်နိုင်ခဲ့တဲ့နှစ်...

နောက်ဆုံးကတော့...

ကောင်းသောလာခြင်းတွေကို ပေးခဲ့တယ်နှစ်...

အိပ်မက် အသစ်မက်ခွင့် ရခဲ့တဲ့ နှစ်...

Dreams do come true. ဆိုတဲ့ စကားကတော့ ဒီအချိန်မှာ အဖြစ်စေချင်ဆုံး...


ကဲ...

အားလုံးပဲ...

၂၀၁၄  မှာဗျာ...

မင်္ဂလာ အပေါင်းနဲ့ ခညောင်းလို့....

စိတ်သစ် လူသစ် အင်အားသစ်တွေနဲ့...

တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်နိုင်ပါစေသားရယ်လို့....

ကိုယ့်ကိုကိုယ်အတွက်...

ပြီးတော့ အားလုံးအတွက်...

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ...။

Thursday, October 24, 2013

ငါး နဲ့ bait

တချို့ငါးတွေက တစ်ချို့ အစာတွေကို မကြိုက်တတ်ကြဘူး...

အဲ့ဒီတော့

မင်းကြိုက်တဲ့ ငါး အတွက် bait မရှိတတ်သေးဘူးဆိုရင်ပေါ့

ဝမ်းနည်းဖို့ကောင်းနေမလား....

မင်းမှာ ရှိတဲ့ bait ကို လာမယ့် ပါးဟပ်တစ်စုံကရော

option တစ်ခု မဖြစ်နိုင်ဘူးလား....

ဘာပဲပြောပြောပေါ့

မင်း ငါးစာသွားရှာနိုင်သလို...

ရေချိုးပြီးမပြန်ရအောင်လည်း ကြံနိုင်ဖန်နိုင်ပါသေးတယ်...  :P

Tuesday, October 22, 2013

အဆိပ်

ကောင်မလေးရေ

ဓါးနဲ့ထိုးလည်း သေပါတယ်

အမာရွတ်အပြည့်နဲ့ ဆိုပေမယ့်
အရေခွံစုတ်ပြီး ဆားသိပ်သွားတာတော့
ဘယ်နှလုံးသားက ခံနိုင်မှာလဲ

ပြင်းပြင်းရှရှမှ ကြိုက်တတ်တဲ့ ငါ့အတွက်
မင်းပေးသွားတဲ့ ဝိုင်တစ်ခွက်က
တဆိတ် ရှိန်းလွန်းတယ်
ဘယ်အချိန်မှ ပြေမှာလဲ

မင်းနဲ့တွေ့တဲ့အချိန်က ငါ မမူးနေပါဘူး
ဒါပေမယ့် အကြည့်တွေခိုးမိကြောင်း ငါဝန်ခံနေမိတယ်

ငါ့ရဲ့ပျော့ကွက်ကို နင်း
မင်းအကျွမ်းကျင်ဆုံး ခပ်ရွံရွံ အပြုံးလေးနဲ့ 
ပွဲသိမ်းတိုက်ကွက်
ရှုံးနေတာတောင် ငါဆွံအနေတုန်း

မင်းဟာတကယ်တော့ အဆိပ်ပြင်းတဲ့မြွေမင်းသမီး

ဘာပဲပြောပြောပေါ့ ကောင်မလေးရယ်
မင်းပေးခဲ့တာ အဆိပ်ခွက်ဆိုပေမယ့်
သကာအုပ်ထားတဲအပိုင်းကို ငါရွေးပြီး
လွမ်းနေနိုင်ပါသေးတယ်

ဒါပါပဲ cutie 

See you လို့ပြောဖို့ မင်းနဲ့ငါက ဝေးလွန်းနေခဲ့ပြီ



Saturday, October 19, 2013

ဒါဟာ ဘဝလို့ပဲ သတ်မှတ်ရမှာလား

အသက် ၅ နှစ်    သူငယ်တန်းဆိုတာပြီးရင် ၁ တန်း ပြီးရင် ၂ တန်း နောက်ဆုံး ၁၀ တန်းအထိပါလား။

အသက် ၁၀ နှစ်    တက်ရမယ်ဆိုတာသိသော်လည်း တကယ်တက်ရသော ကျောင်းကြီးသို့အဝင် (အထက်တန်းကျောင်း)။

အသက် ၁၅ နှစ်    ဒီတစ်နှစ်က အသက်ပဲ။ ငါ ဆယ်တန်းကို သေချာလုပ်လိုက်ရင် အားလုံးပြီးပြီး။

အသက် ၂၀ နှစ်    အောင်ပါ့မလား အောင်ပါ့မလားနဲ့ ရင်တထိတ်ထိတ်နဲ့ ၁ နှစ်ပြီး ၁ နှစ်။ ဒီနှစ်လည်း ဒီလိုပဲ ဖြစ်နေမယ်ထင်ပါ့။

အသက် ၂၅ နှစ်    ဘွဲ့ရပြီးတော့ တခြားအလုပ်ကို ငါ လုပ်မိသွားလိမ့်မယ်လို့ ကိုယ်ကိုကိုယ် ထင်မထားခဲ့ဘူး။

အသက် ၃၀ နှစ်    (နောက် ၄ နှစ်အကြာမှာ ရေးမယ်။)